ငါ့ကိုလွမ်းမည့်သူကိုမျှော်နေတာ

လောကကြီးက တရားပါတယ်...... အရာအားလုံးကို လိုက်ဖက်ညီအောင် တွဲထားပေးတယ်......
ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပါ. တွေ့ ရလိမ့်မယ်.... မိုးလင်းလာရင် လူတွေက တစ်ယောက်တစ်မျိုးစီ
လှုပ်ရှားရုန်းကန်နေကြတယ်..... ငှက်ကလေးတွေက အစာရှာရင်း သူ့ ရဲ့ကောင်မလေးတွေနဲ့ ကြည်နူးနေကြတယ်..
လူတွေကလည်း ၀မ်းစာအတွက် ရှာဖွေရုန်းကန်ရင်း အချစ်အတွက် ပေးဆပ်နေကြတယ်.... ငါ့ကျမှ အချစ်နဲ့
ဘာမှ မဆိုင်သလို ပါလား.... မိုးလင်းလာတာနဲ့ ညက သောက်ထားတဲ့ ယမကာ တန်ခိုးတွေက အရှိန်မကုန်သေးလို့
ခေါင်းထဲမှာ နောက်ကျိကျိဖြစ်နေတုန်းပါ ဘယ်လို ခေါင်းကိုက် ပြန်ဖြေရင် ကောင်းမလဲလို့ စဉ်းစားနေတုန်း...

"ဟဲ့.... အခုထိ အိပ်ယာမထ သေးဘူးလား နေဖင်ထိုးနေပြီ အလုပ်ဆိုရင်လည်း ဘာမှ မယ်မယ်ရရ မလုပ် တစ်နေ့နေ့ မူးလိုက်ရူးလိုက် နဲ့ အသက်ကလည်း 30 ပြည့်တော့မယ် နင်ဘယ်အချိန်မှ အသိတရား ရမှာလဲ...
ကဲ.... ထပါတော့" အမေ့ရဲ့ နေ့ဓဒူဝ အသံကြောင့် အိပ်ယာကနေ ကုန်းရုန်းထလိုက်ရပါတော့တယ်......
နာရီကြည့်တော့ 8 နာရီခွဲ နေပြီ... အိပ်မ၀တဲ့ စိတ်က ရေမချိုးချင်အောင်.... လေးလံထိုင်းမှိုင်းနေတုန်းပါ.......
"အမေကလည်း အစောကြီးရှိ ပါသေးတယ် သားက အိပ်လို့တောင် မ၀သေးဘူး" ဆိုပြီး အိပ်ယာထဲ ကို
ပြန်လှဲချလိုက်ပါတော့တယ်.... အမေလဲ ပြောလို့ မထူးတဲ့ အဆုံး မီးဖိုချောင် ထဲကိုဝင်သွားလေ တော့သည်..
ကျွန်တ်ာလည်း ဟိုတွေးဒီတွေး နဲ့ ပြန်အိပ်ပျော်ရန် ကြိုးစားကြည့်ပါသေးသည် .... အိပ်မပျော်တော့ တာနဲ့
အပျင်းလိမ်လိုက်မိတော့တယ်.. စဉ်းစားရင်း အတိတ်က ချစ်သူအကြောင်းက ခေါင်းထဲရောက်လာတော့သည်...

"အော်... မေသူ.. ကို့ကို နှုတ်မဆက်ဘဲ ထွက်သွားလိုက်တာ 3 နှစ်တောင်ရှိ နေပြီပါလား... မင်း ဘယ်ရောက်နေပြီလဲ
ကို့ ကို သတိရသေးရဲ့လား မေသူရယ်.. ကို မင်းကိုလွမ်းနေတုန်းပါ.." ဟု စိတ်ထဲက တစ်ယောက်တည်း ရေရွတ်နေမိသည်....
ကျွန်တော်နဲ့ မေသူက တစ်ရပ်ကွက်ထဲ နေပြီး လူကြီးတွေ ကို အသိပေးထားတဲ့ တရားဝင် ချစ်သူတွေပါ ...
ငယ်ငယ်တုန်းကတော့ ကျွန်တော်က အဖွားနဲ့ ရွာမှာ လိုက်နေတယ်... အဖွားမှာလည်း တစ်ခြားမြေး မရှိတော့
ကျွန်တော့် ကို အဖေ နဲ့ အမေ ဆီမှာ အတင်းတောင်းပြီး ရွာကိုခေါ်သွားတယ်.... ကျွန်တော်ကလည်း မိဘ တွေထက်
အဖွားက အလိုလိုက်တော့ ရွာမှာ ပျော်နေတာပေါ့... ကျောင်းပိတ်မှ အိမ်ကို ခဏပြန်လာတယ်... မြို့ မှာ သိပ်မပျော်
တော့ဘူး... ရွာမှာက အလယ်တန်းကျောင်းပဲ ရှိတော့ ကျွန်တော်ရှစ်တန်းအောင်တော့ အိမ်မှာ ပြန်လာနေပြီးကျောင်းတက်ရတာပေါ့ ... အဖွားကိုတော့ လွမ်းနေတယ်.... ဒီလိုနဲ့ ဆယ်တန်းရောက်လာခဲ့ပါတယ်..
ဆယ်တန်းရောက်တော့ လူပျို ပေါက် ဖြစ်နေပြီလေ... ရည်းစားလိုချင်လာတယ်... ကျောင်းမှာတော့ ကောင်မလေးတွေက အများကြီးပေါ့... သူတို့မှာလည်း အတွဲကိုယ်စီနဲ့ပေါ့ ဟိုတစ်ယောက်ကို ကြိုက်မယ်လို့ ချိန်လိုက်ရင် အတွဲက ရှိနေပြီ နောက်တစ်ယောက်ကို ချိန်လိုက်ပြန်ရင်လည်း ကိုယ့်ထက်ဦးတဲ့သူ ရှိနေပြန်...
ဘယ်သူ့ ကို အပြစ်ပုံရမှာလဲ ကျန်တဲ့ မိန်းကလေးတွေကျပြန်တော့ မလှလို့ မကြိုက်ပြန်ဘူး....အော်... ငါ ရွာမှာသွားနေတဲ့ အကျိုးတွေပေါ့... ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲပြီး ဘာအလုပ်မှ မရှိသေးဘူး.... ရှိတဲ့အလုပ်ကလည်း မအောင်မြင်ဘူးလေ....... ကောင်မလေးတွေကို လိုက်ပိုးတဲ့ အလုပ်ပေါ့.......
ဒီလိုပဲ သူငယ်ချင်းတွေ နဲ့ လိုက်သွားလိုက် အိမ်မှာ ကုတ်နေလိုက် နဲ့ မိဘ လုပ်စာကို ထိုင်ဖြုန်းနေတာပေါ့...
တစ်နေ့တော့ အိမ်ရှေ့ မှာ ထိုင်နေတုန်း ကောင်မလေးတစ်ယောက် ဖြတ်လျှောက်သွားတာတွေ့ လိုက်တာနဲ့ နောက်ကနေ လိုက်ချောင်းကြည့်တော့ ကျွန်တော်တို့လမ်းရဲ့ တစ်လမ်းကျော်က အိမ်ထဲကို ၀င်သွားတယ်...
တော်တော်လှတယ်တယ်ဗျာ.... တော်တော်လေးကို ရင်ခုန်သွားတာပဲ.... ကျွန်တော် သေသေချာချာ စုံစမ်းကြည့်တော့ သူ့ ဆီမှာ ခပ်ကြမ်းကြမ်း အစ်ကို သုံးယောက်ရှိတယ် ရည်းစားတော့မရှိသေးဘူးတဲ့
သူ့ အစ်ကိုတွေ ကို ကြောက်လို့ တော်ရုံလူ မကပ်ရဲကြဘူး ..... ရည်းစားမရှိဘူးဆိုတာနဲ့ ကျွန်တော်လည်း
အားတက်သွားတယ်.... သူ့ ရဲ့အချစ်ကို ရအောင်ကြိုးစားမယ် လို့ စိတ်ထဲကနေ ဆုံးဖြတ်လိုက်တယ်....
စလိုက်တော့ ဘယ်လိုမှ ကပ်လို့မရဘူး ....... ဘယ်သွားသွား အစ်ကိုတစ်ယောက် အမြဲပါနေတယ်လေ...
ကျွန်တော်အကြံ တစ်ခု ရလိုက်တယ်..... ယောက္ဖတွေကို အရင်ချဉ်းကပ်မှ အဆင်ပြေမယ်လို့ စိတ်ထဲက
တွေးလိုက်တယ်.... တစ်ညတော့ ကျွန်တော်လည်း ပျင်းတာနဲ့ မြစ်ကမ်းဘေး ကို လေညင်းခံဖို့ ထွက်လာရင်း မထင်မှတ်ဘဲ နောင်တော်နှစ်ပါး ဂီတာထိုင်တီးရင်း သီချင်းဆိုနေတာကို တွေ့ လိုက်တယ် "အတော်ပဲ ငါ့အချက်ပဲကွ" ဆိုပြီး သူတို့ ဂီတာတီးတဲ့နေရာကို လမ်းလျှောက်ဝင်သွားလိုက်တယ်..... သူတို့ဆိုနေတဲ့
စိုးလွင်လွင် ရဲ့ မောင့်မျက်ရည်ဝိုင်း သီချင်းကို ခပ်ကြောက်ကြောက်နဲ့ ၀င်လုံးပြီး ဆိုလိုက်တာပေါ့....
သီချင်းလည်းဆုံးတော့ နောင်တော်နှစ်ပါးက "ဆေးလိပ်ပါလားညီလေး" လို့ ကျွန်တော့်ကို မေးတော့
ကျွန်တော်လည်း " သွားဝယ်ပေးမယ် အစ်ကို ခဏစောင့်" လို့ ပြောပြီး ဆေးလိပ်သွားဝယ်ပေးလိုက်တယ်.....
ကျွန်တော်ဝယ်လာတဲ့ လန်ဒန် တစ်ဗူးကို ညီကို နှစ်ယောက် ဖောက်ပြီး တစ်ယောက်တစ်လိပ် ဖွာနေလိုက်ကြတယ်.... ကျန်တဲ့ ဆေးလိပ်တွေကို ကျွန်တော့် ကိုပြန်ပေးရင်း ကျေးဇူးပဲညီလေးလို့ ပြန်ပြောတော့ ကျွန်တော်က ရပါတယ်အစ်ကို ကျွန်တော် ဆေးလိပ် မသောက်တတ်ဘူးလို့ ယောက္ဖ တွေ ကို ပြန်ဆွီးလိုက်
ပြီး ဆေးလိပ်ဗူးကို အစ်ကိုကြီးလက်ထဲ ပြန်ထည့်ပေးလိုက်တယ်... ဒီလိုနဲ့ ရင်းနှီးသွားကြပါတယ်... ညတွေရောက်ရင် ယောက္ဖ
တွေနဲ့ သီချင်းဆိုလိုက် နေ့ဆိုရင် မေသူ အိမ်ရှေ့ မှာ ဖြတ်သွားဖြတ်လာ လုပ်ရင်း မေသူကို ခိုးချောင်း ခဲ့တာ မိုးဦးကျ ကို ရောက်
သွားပါကောလား...... ငါ့ နှယ် ဘာမှလဲ မထူးခြား အခွင့်အရေးကလည်း ကိုယ့်ကို မျက်နှာသာ မပေး..ဒီတိုင်းဆိုရင်
ငါဘယ်တော့မှ မေသူ့ ရဲ့ အချစ်ကို ရမှာလဲ ... ချစ်ခွင့် ရဖို့ မပြောနဲ့ မေသူနဲ့ အနီးကပ် စကားပြောဖို့ အခွင့်အရေး တစ်ကြိမ်တစ်ခါ
မှကို မရခဲ့တာ "အော်.... မင်းတော်တော်ကံ ဆိုးပါလား တာတေ" လို့ ကိုယ့်ကိုယ် ကို အပုတ်ချနေမိတော့ တာပေါ့..
ဒီလိုနဲ့ ၀ါဝင်ဖို့ အချိန်ကို ရောက်ခဲ့ပြန်တယ်..... ၀ါဝင်တာက ကျွန်တော့် အတွက် အခွင့်အရေး တစ်ခု ဖန်တီးပေးလာတယ်
ဝါဆိုလပြည့် မေသူ တို့ အိမ်မှာ တရားနာ ဆွမ်းကျွေး အလှူ ရှိတယ်.... ဒါနဲ့ ယောက္ဖ ကို ကပ်ပြီး မေသူ အနားရောက်ဖို့
ကြိုးစားရတာပေါ့... ကျွန်တော်လည်း အစ်ကို လတ် ရဲ့ အိမ်ပြန်လမ်းမှာ စောင့်နေတာပေါ့ ... ခဏအကြာ အစ်ကိုလတ်က
အငှား ဆိုက်ကား တစ်စီးပေါ် မှာ အထုပ်တွေ နဲ့ ကို့ယို့ကားယား လိုက်စီးလာတာကိုလည်း တွေ့ တော့
" ကိုလတ် ကျွန်တော် ကူညီပေးပါရစေ" ဆိုပြီး ဆိုက်ကားနောက်က အတင်းပဲ လိုက်သွားလိုက်တယ်... အစ်ကို လတ်လည်း
ဘာမှ မငြင်းသာတော့ဘဲ "အေး.. အေး. ကျေးဇူး ပဲညီလေး" လို့ပြန်ပြောတော့ ကွန်တော်လည်း ရှိသမျှ အားတွေကို
ထုတ်ပြီး ဆိုက်ကားကို အိမ်ရောက်အောင် တွန်းပို့နေမိတော့တယ်.... အိမ်ရောက်တော့ ကိုလတ်ဆီက အထုတ်တွေကို
ဝိုင်းယူပြီး ကိုလတ် ဆိုက်ကား ပေါ်မှ အဆင်း ကို စောင့်နေလိုက်တယ်... ကိုလတ်က "ညီမလေး ကို ပြန်လာပြီ လာကြိုပါဦး"
လို့ မေသူ ကို လှမ်းခေါ် လိုက်တယ်... ကျွန်တော် တော့ တော်တော်လေး ရင်ခုန်သွားတယ်ဗျာ...
အဲဒီအချိန်မှာပဲ မေသူက အိမ်ရှေ့ လှေခါးကနေ ဆင်းလာတယ်... ဒီတစ်ခါပဲ မေသူ့ ကို အနီးကပ်မြင်ခွင့် ရသွားတယ်...
ကျွန်တော့် ရဲ့ မျက်စိထဲမှာ တော့ အရမ်းကို ပြိုင်စံ မမှီတဲ့ အလှမျိုး နဲ့ပေါ့... မေသူ လည်း လှေ ခါးပေါ်က ဆင်းတာနဲ့
လူစိမ်း ဖြစ်တဲ့ ကျွန်တော့ ကို တစ်ချက် စိုက်ကြည့် လိုက်တယ်... ကျွန်တာ် တို့ နှစ်ယောက် အကြည့်ချင်း ဆုံတော့
ကျွန်တော် ရင်တွေက တဒုန်းဒုန်း နဲ့ စည်းချက်တွေက မြန်လာတယ်... မေသူက အရမ်းလှတာကိုး....
ကျွန်တော်လည်း ပစ္စည်းတွေကို အိမ်ပေါ် တင်ပေးပြီးတော့ ယောက္ဖ ရဲ့ မျက်နှာ အခြေအနေကို ကြည့်လိုက်မိတယ်...
ဘယ်လိုလဲ ဆို တဲ့ သဘောပေါ့..... ကိုလတ်က " ဘယ်လိုလဲ ညီလေး မောသွားလား... ညီမလေး ရေအေးအေးလေး
တစ်ခွက်လောက် ဒီက ညီလေးကို တိုက်လိုက်ပါဦး.." လို့ မေသူကိုပြောပြီး အိမ်နောက်ဖေးကို ၀င်သွားတယ်...
အဲဒီအချိန်မှာပဲ မေသူက ရေခွက်လေး ကိုင်ပြီး ထွက်လာတယ်...
"ရေသောက်လိုက်ပါဦး အစ်ကို.." ကျွန်တော့် ကို ရေခွက်ပေးတယ်..
"ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ်.."
" မေသူ က ကျေးဇူးတင်ရမှာပါ .. သူက မေသူ့  အလုပ်တွေကို ကူလုပ်ပေးထားတာ" ဟု ချိုသာစွာပြန်ပြောလေသည်...
" နာမည်က မေသူ တဲ့ လား ကျွန်တော့ နာမည် တာတေ ပါ.. ကျောင်းမှာခေါ်တော့ တေဇာပေါ့.."
ဟုပြန်ပြောလိုက်သည်...
မေသူက "ဒါနဲ့ ဘယ်ကျောင်းမှာ တက်တာလဲ"
" အ.ထ.က.(၁)မှာပါ မေသူ ကဘယ်ကျောင်းမှာလဲ "
"မေသူလည်း အဲဒီမှာပဲတက်တာ"
"ကျွန်တော် မေသူကို တွေ့ ဖူးနေတာ ကြာပါပြီ
ကျွန်တော် ဟိုဘက်လမ်းမှာနေတယ်"
"မေသူလည်း သူ့ကို မတွေ့ ဖူးပါဘူး"
"အဲဒါတွေ ထားလိုက်ပါ ကျွန်တော် တို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားလို့
ကျွန်တော် အရမ်းကိုပျော်သွားပြ
0 Responses

Post a Comment

abcs