ရင်ခုန်စရာညတစ်ည

ပြောမယုံ ကြုံမှပဲ သိတော့မယ်ပေါ့ ...

အင်း . . . . အချိန်ကတော့ တိတိကျကျ မမှတ်မိတော့ ပေမဲ့ အကာလ ညအခါ သမယရဲ့ ညနက်ပိုင်းပေါ့ .....
အခန်းမီးတွေမှိတ်လို့ လူတွေလည်း အိပ်ငွေ့ကျကုန်ပြီး တခါတရံမှသာ ဖြတ်သန်းသွားတဲ့ ကားမီးရောင် နဲ့
စက်သံမှအပ ပန်ဝန်းကျင်မှာ ဆိတ်ငြိမ်နေပြီး ညည့်ရဲ့သရုပ်ကို အစွမ်းကုန် ဖော်ထုတ်နေချိန် . . . . .
သဲကွဲစွာမမြင်ရပေမဲ့ ဗလုံးဗထွေး စကားသံတွေနဲ့ ရှရှတတ သင်းရနံ့ တို့က ညအမှောင်ကို ထွင်းဖောက်ပြီး
ထွက်ပေါ်လို့နေဆဲ . . . . . မပီဝိုးတ၀ါး ညရောင်ရဲ့အောက်မှာတော့ လူငယ် (၃) ဦး ရဲ့ တစ်ဦးကိုတစ်ဦး စကားဆိုသံတွေ က . . . . . .

" မင်းနိုင်လောက်မယ်လို့ ငါမထင်ပါဘူးကွာ ဒီကောင်မူးသာမူးနေတယ် ကြည့်ရတာအလန်းကြီးရှိသေးတယ် "
ပထမလူရဲ့ အာလုံးသံနဲ့ ပြောစကားကို ဒုတိယ လူက
" အေး ငါစကားများများမပြောတတ်ဘူး သူတစ်ခွက် ငါတစ်ခွက် ပုံမှန်သောက်ပြီးတော့ ဘာကိုမှ ရှုံးစရာ အကြောင်းမရှိဘူး ယောက်ျားကွ " ဒုတိယ ပုဂ္ဂိုလ် ရဲ့ အနိုင်မခံ အရှုံးမပေး အာဇာနည် စကားသံကို
တတိယလူက ..
" စိန်လိုက်လေ ကြာသလားလို့ "
သူတို့ (၃) ယောက်ဘာကိုဆိုလို မှန်း မသိပေမယ့် ပြိုင်ပွဲတစ်ခု ကျင်းပဖို့အတွက် စိန်ခေါ်နေကြတာတော့ သေချာသလောက်ရှိနေပါပြီ။ ငမိုက်သား (၃) ယောက်ကတော့ တစ်ယောက်ပခုံး တစ်ယောက် မြဲမြံစွာ ဖက်သိုင်းလို့ ပုံမှန် ချီတက်နေကြဆဲ ... လမ်းလျှောက်ဟန်ကတော့ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့ တွေလို စည်း
ကမ်းသေ၀ပ် စနစ်မကျပေမဲ့ ဘယ်ဘက်ထိပ်ဆုံးမှတစ်ယောက်က ဘယ်ဘက်ကို ယိမ်းလျှင် ကျန်နှစ်ယောက်က
အလိုက်သိစွာနဲ့ ညာဘက်ကို လိုက်ယိမ်း အလယ်တစ်ယောက်က ငိုက်ဆင်းသွားလျှင် ကျန်ဘေးနှစ်ယောက်က
လည်း နောက်မကျစေဘဲ နဲ့ အရှေ့ကို လိုက်ငိုက်ာအးယူပြီး ပြန်နည့်တော့ လဲအတူတူ အရှိန်လွန်ပြီး ပြန်ထူတော့
လည်း တူတူ အမှတ်တမဲ့ ကြည့်လိုက်ရင် လာမည့်သင်္ကြန်မှာ ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့ ဇာတ်တိုက်နေလား
ထင်မှားရလောက်အောင်ကို ဟန်ချက်ညီလို့ပေါ့ . . . . . ဆရာအကြည်တော်တို့ ယိမ်းအဖွဲ့ လို ပရိတ်သတ်က
အားမပေးခဲ့ပေမယ့် အိပ်ချင်မူးတူး နဲ့ ထကြည့်တဲ့ ခွေးတစ်ကောင် ရဲ့အားပေး ထောက်ခံမှုကြောင့် တစ်ရပ်ကွက်
လုံးမှာရှိတဲ့ ခွေးတွေ ၀ိုင်းပြီး အားပေးကြတာ ညံလို့ ... ခပ်ကဲကဲခွေတွေ ဆိုရင် အတင်းလိုက်ဆွဲပြီးတော့
အော်တိုလိုက်ရေးခိုင်းတဲ့ အထိကို အောင်မြင်ခဲ့တာ ....
ဒါပေမယ့် အာဇာနည် ငမိုက်သား (၃) ယောက်ကတော့ ပြိုင်ပွဲ ကိုသာ အာရုံရောက်နေလို့ ဘာကိုမှဂုဏ်ယူ
ဝင့်ကြွားမှုမရှိဘဲ တစ်ယောက်ကို တစ်ယောက် ပုခုံးသိုင်းဖက်လို့ ဆက်လက်ချီတက်ဆဲ . . .
မဖက်ထားချင်လို့လဲ မရ တစ်ယောက်က ဦးဆောင်ပြီး ပုခုံးပေါ်မှ လက်ကိုချလျှင် နီးစပ်ရာ ကမ္ဘာမြေပြင်ဟာ
သူတို့အတွက် တစ်ညတာ အိပ်ယာ ဖြစ်သွားနိုင်ပေသည်။
" ကဲ .. ငါတို့ ဘယ်ဆက်သွားမှာလဲ ဘာဆက်လုပ်မှာလဲ " ပထမလူ ရဲ့ အမေးကို ဒုတိယလူက
" ဟုတ်တယ် ဒါဆို ငါတို့ ဘောလုံးကွင်း သွားကြမယ် ဟိုရောက်ရင် အပြေးပြိုင်မယ် "
တတိယလူက
" ဒီလိုလုပ်ကွာ အားကစားပွဲ မစခင်မှာ တို့တွေက သွေးပူလေ့ကျင့်ခန်း လုပ်ဖို့လိုမယ် . . . နောက်ပြီးတော့ တိကျပြတ်သားတဲ့ ဒိုင်တစ်ယောက်လိုမယ် "
ဒုတိယလူက
" သွေးပူလေ့ကျင့်ခန်းက ဘယ်လိုလုပ်မှာလဲ ဒိုင်လူကြီးက ဒီချိန်ကြီးမှ ဘယ်မှသွားရှာမှာလဲ "
" ဒါလည်း လွယ်ပါတယ်ကွာ နီးစပ်ရာ ဆိုင်ထဲဝင် ပြီး ဆေးရည်ဝယ်ပေါ့ "
ပထမလူက " ဒါဆိုကောင်းပြီလေ စိတ်ကို ပျော်ရွှင်တက်ကြွစေတဲ့ ဆေးရည်ဝယ်ဖို့ ချီတက်ကြရအောင် .."


အာရောဂျံပရမံလာဘံ

လွမ်းငွေ့ဝေစဉ်
ကြယ်ကြွေမြင်လည်း
ရင်ကွဲပက်လက်
နေရခက်မို့
သေရက်ကိုသာ
ဖြေသောက်ကာမှ
လွမ်းနာသက်သာရပါတကား

အမည်သိ ယခုစာဆို
ယမက / 285-001
1 Response
  1. အောင်ကြီး Says:

    တက်တရီ... အရက်သမားအကြောင်းတွေလျှောက်ရေးထားတာများ
    ရေးတဲ့ကောင်လည်းအရက်သမားဘဲဖြစ်ရမယ်

Post a Comment

abcs