ကျွန်တော်လာပါပြီ

ကိုယ့်ဘဝမှာတွေ့ကြုံရသမျှအတွေ့အကြုံတွေဟာ လောကကြီးအကြောင်းနဲ့ ကိုယ့်အကြောင်းကို ပြောပြနေပါတယ်။
ကိုယ် ပိုင်ဆိုင်ထားတဲ့ ပြင်ပပစ္စည်းတွေထက် ကိုယ့်ရင်ထဲကသဘောထားက ပိုပြီးအရေးကြီးပါတယ်။
ပစ္စည်းဥစ္စာဆုံးရှံးတာ၊ရာထူးဆုံးရှံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ကိုယ့်ရင်ထဲကအမြင့်မြတ်ဆုံး စိတ်ထား ဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။ဆုံးရှုံးမှုတွေကို လက်ခံနိုင်တာဟာ အောင်မြင်တဲ့ဘဝကို နေနိုင်ရေးမှာ အရေးပါတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ငါနဲ့တွေ့တဲ့သူတိုင်းဆီက ပညာယူစရာတွေကိုငါယူတတ်ရင်ရမှာပဲ၊အခက်အခဲတစ်ခုကို ငါကျော်လွှားခဲ့ပြီးရင်နောက်တစ်ခါ ဒီထက်ကြီးတဲ့ အခက်အခဲကို ကျော်လွှားရဦးမှာပဲ၊ကိုယ့်ဘဝမှာ အဆင်မပြေမှုတွေ တွေ့နေရတဲ့အခါမှာ ကိုယ့်ကျန်းမာရေးကို ပိုပြီးဂရုစိုက်ရမယ်၊
0 Responses

Post a Comment

abcs